စက်တင်ဘာ ၉၊ The Nation Voice
ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်အမှတ်တရ အထိမ်းအမှတ်အစီအစဉ်တွေကို S.O.F အဖွဲ့ရဲ့ရှေ့တန်းစခန်းနဲ့ လုံခြုံရေးစခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေနဲ့အတူ ပြီးခဲ့တဲ့ (စက်တင်ဘာ၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီကနေ့မနက်ထုတ်ပြန်ဖော်ပြလာပါတယ်။
အဲ့ဒီအထိမ်းအမှတ် အခမ်းအနားမှာ PDF အလံတော်ကိုအလေးပြုခြင်း၊သစ္စာဓိဌာန်ဆိုခြင်း၊စစ်ဆင်ရေးအတွေ့အကြုံနှင့် အမှတ်တရစကားများပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် ကတိသစ္စာပြုခြင်း စတဲ့ဂုဏ်ပြုအမှတ်တရအစီအစဥ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
SPECIAL OPERATION FORCE(အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F )အဖွဲ့ဟာ ပြည်သူ့ခုခံတော်လှန်စစ်တစ်နှစ်တာကာလအတွင်း ပျံလွှားအောင်မြို့ပြစစ်ဆင်ရေး ၊ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအထူးမစ်ရှင်တွေနဲ့ကျေးလက်စစ်ဆင်ရေးတာဝန်များစွာကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြပြီး ရဲဘော်တချို့ မတရားဖမ်းဆီးခြင်းခံခဲ့ရကာ ကျဆုံးရဲဘော်နှစ်ဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီရဲဘော်တွေကို အလေးအနက်ဂုဏ်ပြုခြင်းနဲ့အမြဲအမှတ်တရရှိနေစေဖို့ အတွက် တစ်နှစ်ပြည့်အမှတ်တရ အထိမ်းအမှတ်အစီစဉ် တွေကျင်းပခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။




