ထီးလင်းနယ်မှာ လုံခြုံရေးဂိတ် (၄)ခုဖွင့်ပြီး လုံခြုံရေးဆောင်ရွက်ပေးနေတယ်လို့ YDF အသိပေး

စက်တင်ဘာ ၁၀၊ The Nation Voice

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းရှိ အများပြည်သူလုံခြုံရေးအတွက် စစ်ဆေးရေးဂိတ် (၄)ခုဖွင့်ပြီး လုံခြုံရေးဆောင် ရွက်ပေးနေပြီဖြစ်တယ်လို့ YDF(ထီးလင်း)က ဒီကနေ့ စက်တင်ဘာ (၁၀) ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်တွေမှာ မည်သည့် အခကြေးငွေမျှ တောင်းယူကောက်ခံမှာမဟုတ်ဘဲ အများပြည်သူတို့ရဲ့လုံခြုံရေးကိုသာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

” အများပြည်သူ လုံခြုံစွာ သွားလာနေထိုင်နိုင်ရန် ရည်ရွယ်၍ YDF-Htilin မှ ထီးလင်းမြို့နယ်အတွင်းတွင် လုံခြုံရေးဂိတ် (၄) ဂိတ် ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်ပါသည်”လို့ အသိပေးထားပါတယ်။ ဒါကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအရ စစ်ဆေး၊ မေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးကြဖို့၊ တားမြစ်ပစ္စည်းတွေ သယ်ယူရောင်းဝယ်ခြင်းများ မပြုလုပ်ကြဖို့နဲ့ ဂိတ်ရှိတပ်ဖွဲ့ဝင်တွေကို ငွေကြေးပေးဆောင်ခြင်း မပြုလုပ်ကြဖို့၊ အခွန်/အလှူငွေ ကိစ္စများကို YDF-Htilin ရုံးသို့သာ ချိတ်ဆက်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

တပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းရာမှာလည်း ရိုင်းစိုင်းတာ၊ ခြိမ်းခြောက်တာ၊ ငွေကြေးတောင်းခံမှုတွေရှိခဲ့ရင် သက်ဆိုင်ရာအကြီးအကဲများနဲ့ YDF-Htilin ရုံးသို့ အသိပေးတိုင်ကြားပေးကြဖို့ မိဘပြည်သူများထံ တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *