စက်တင်ဘာ ၁၀၊ The Nation Voice
စစ်ကေင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက နှစ်ပွင့်ဗိုလ် မျိုးညွှန့်အောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ( ၂ ) တပ်ခွဲ ( ၄ ) Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အကျဉ်းဦးစီးဌာနက ဆောက်လုပ်နေတဲ့ အကျဉ်းထောင်တွေ လိုက်လံကြီးကြပ်ရေးအဖွဲ့ရဲ့ အင်ဂျင်နီယာ-ဒုကြီးကြပ်ရေးမှူး အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ် မျိုးညွန့်အောင်ကို မနေ့က မုံရွာမြို့နယ်၊ သာစည်ကျေးရွာမှာ အသစ်ဆောက်လုပ်နေတဲ့ အကျဉ်းထောင်ကနေ တိတ်တဆိတ် ထွက်ခွာလာစဉ် မုံရွာမြို့ သာစည်လမ်းပေါ်မှာဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
မုံရွာအကျဉ်းထောင်ဆိုတာ ဧပြီလ (၄) ရက်နေ့က ထောင်တွင်းဖိနှိပ်မှုတွေကို မခံနိုင်လို့ အကျဉ်းသားတွေဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အကျဉ်းသား (၁၃) ဦးလောက် သေဆုံးခဲ့ဖူးပါတယ်။


