ကျုံဒိုးဘိလပ်မြေစက်ရုံအနီးက ရဲကင်းစခန်းကို နဂါးနီစစ်ကြောင်း ဝင်စီး

စက်တင်ဘာ ၁၁၊ The Nation Voice

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျုံဒိုးကျေးရွာ ဘိလပ်မြေစက်ရုံအနီးက ရဲကင်းစခန်းတစ်ခုကို နဂါးနီစစ်ကြောင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် ရဲ နှစ်ဦးသေဆုံးခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ (၉) ရက်မှာ နဂါးနီစစ်ကြောင်း ထုတ်နှုတ်အင်အား (၁၂) ဦးနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် နာရီဝက်အတွင်း ရဲ နှစ်ဦး သေဆုံးပြီး လက်ကိုင်ဖုန်း (၅) လုံး သိမ်းဆည်းရရှိခဲ့ပေမယ့် အဲဒီစခန်းမှာ လက်နက်မထားရှိတဲ့အတွက် သိမ်းဆည်းလက်နက် မရရှိဘူးလို့လည်း ဆိုပါတယ်။

အဲဒီနောက် ရဲကင်းစခန်းကို သေဆုံးသွားတဲ့ရဲအလောင်း နှစ်လောင်းနဲ့အတူ မီးရှို့ ဖျက်ဆီးခဲ့ပြီး ရဲကင်းစခန်းမှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနေ့ ညပိုင်းမှာပဲ သံပုရာကျေးရွာအနီးရှိ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးရင် တထောက်နားလေ့ရှိတဲ့ မီးသတ်ရုံးကို နဂါးနီစစ်ကြောင်း နဲ့ KNLA အဖွဲ့တို့ ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ #thenationvoicemyanmar #မော်လမြိုင် #ကျုံဒိုးရဲကင်းစခန်း #နဂါးနီစစ်ကြောင်း

Leave a Reply

Your email address will not be published. Required fields are marked *