စစ်ကိုင်းမြို့နယ်ညောင်ပင်ဝန်းရွာရဲစခန်းကြိ(၂)ကြိမ် ဗုံးကျဲတိုက်ခိုက်

စက်တင်ဘာ ၁၁၊The Nation Voice

စစ်ကိုင်းမြို့နယ်ညောင်ပင်ဝန်းရွာရဲစခန်းကို မနေ့က ဒရုန်းစစ်ဆင်းရေးအဖြစ် (၂)ကြိမ်ဗုံးကျဲတိုက်ခိုက်ရာမှာ စကစဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Knight Commanders (PDF) က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ စက်တင်ဘာ(၁၀)ရက် နေ့လည်(၁၂)နာရီလောက်က ညောင်ပင်ဝန်းကျေးရွာ ရဲစခန်းအနီး မုံရွာ-မန္တလေးကားလမ်းပေါ် မှာဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို အကြမ်းဖက်တားဆီး စစ်ဆေးတာ၊မတရားငွေကြေးကောက်ခံတာတွေကို စကစအဖွဲ့တွေက လုပ်ဆောင်နေတယ်လို့ သတင်းရရှိတာကြောင့် အဲ့ဒီရဲစခန်းကို “ဒရုန်းစစ်ဆင်ရေး”(Process-2)အနေဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီဗုန်းကြဲတိုက်ခိုက်မှုမှာ ပြည်သူတွေဆီက မတရားကောက်ခံရရှိထားတဲ့ ငွေတွေကို ရေတွက်နေတဲ့ စကစတပ်သား(၃) ဦးအနားကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရစကစတပ်သား(၃)ဦးကိုဆေးရုံကိုပို့ဖို့ လူနာတင်ယာဉ်ပေါ်တင်နေချိန်မှာ”ဒရုန်းစစ်ဆင်ရေး”(Process-3) အနေနဲ့ ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့လို့ စကစဘက်က(၂)ဦးသေဆုံးသွားကြောင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Knight Commanders (PDF) နှင့်အတူ ၊Black Dragon (Special Tesk Force) ၊တိုက်နယ်စွန် (PDF) တို့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ Knight Commanders (PDF)အဖွဲ့ဟာ စက်တင်ဘာ(၉)ရက်နေ့တုန်းကလည်း မြင်းမူမြို့နယ် အလ္လက္ကပကျေးရွာ အရှေ့ဘက်မြို့တော်ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲပြီး ကျောင်းထိုင်ဘုန်းကြီးအပါဝင် ကျောင်းနေအရပ်သားတွေကို မတရားဖမ်းဆီးထားကာ ကင်းပုန်းဝပ်နေတဲ့ စကစတပ်သား(၁၇)ယောက်ကို ဒရုန်းစစ်ဆင်ရေး(Process-1)အဖြစ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစဘက်က(၂)ဦး သေဆုံးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *