စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းပစ်နေလို့ ဒေသခံ ပြည်သူတွေ သတိပြု သွားလာဖို့ ကော်ဘရာ စစ်ကြောင်းအသိပေး

စက်တင်ဘာ ၁၁၊ The Nation Voice

ကရင်ပြည်နယ်၊မြ၀တီ – ဝေါ်လေလမ်း သုံးထပ်ကွေ့အနီးဝါးဘိုးဘုရားကုန်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်က ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ နေရာကို မှန်းဆကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒီလို လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကို ဒီနေ့ စက်တင်ဘာ ၁၁ရက် ညနေ ၅နာရီကနေညပိုင်းအထိ ရမ်းသန်း ပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားပါတယ်

။ ဒီလို မဆင်မခြင် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ဒေသခံ ပြည်သူတွေနဲ့ မြ၀တီ -ဝေါ်လေ ကားလမ်း အသုံးပြုသူတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့ ကော်ဘရာ စစ်ကြောင်းက နှိုးဆော်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၉ရက်ညပိုင်းကလည်း ကော်ဘရာ စစ်ကြောင်း လုံခြုံရေးယူထားတဲ့ ဘလက်တိုရွာအနီးကနေရာကို နှစ်ကြိမ်လေကြောင်း တိုက်ခိုက်ခဲ့လို့ ကော်ဘရာ စစ်သည်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *