စက်တင်ဘာ ၁၁၊ The Nation Voice
မကွေးတိုင်း၊ပခုက္ကူခရိုင် အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား (၅)ဦးထွက်ပြေးလာတာကို ဘေးကင်းရာ ရောက်ဖို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း ကယ်ထုတ်ပေးခဲ့တယ်လို့ Young Force (UG) တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၁၀ရက်က ကိုယ့်အစီအစဉ်နဲ့ထွက်ပြေးလွတ်မြောက်လာသူတွေထဲမှာ တော်လှန်ရေး ရဲဘော်(၂)ဦးနဲ့တခြား နိုင်ငံရေးပုဒ်မတွေနဲ့မတရားဖမ်းဆီးခံထားရသူ (၃)ဦး တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
သူတို့ (၅(ဦး လွတ်မြောက်ရေးအတွက် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)၊ဒေသခံ LDF တွေဖြစ်တဲ့ ပခုက္ကူမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PPDF ၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊ RSO(PKU) အဖွဲ့နဲ့ သက်ဆိုင်ရာနယ်မြေခံအဖွဲ့တွေ ပူးပေါင်းပြီး နေရာအလိုက်တာဝန်အသီးသီးခွဲဝေ ကယ်ထုတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အခုအချိန်မှာ နိုင်ငံရေးအကျဉ်းသား (၅) ဦးစလုံး လွတ်မြောက်ဘေးကင်းရာကို ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ ပါဝင်ကူညီပေးခဲ့တဲ့ အဖွဲ့တွေ အားလုံးကို ကျေးဇူးတင်ကြောင်း Young Force (UG)တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
