စက်တက်ဘာ ၁၁၊ The Nation Voice
မကွေးတိုင်း၊ ပခုက္ကူနယ် အမှတ် (၁၁)အထည်ချုပ်စက်ရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ရဲသုံးဦးသေသွားတယ်လို့ Royal Defence Force(PKU)R.D.F က ဒီကနေ့ စက်တင်ဘာ (၁၁) မှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ (၈) ရက်က ချောက်ကန်နဲ့ ကိုးပင်ရွာကြားရှိ အမှတ်(၁၁) အထည်ချုပ်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်တပ်၊ ပျူနဲ့ ရဲတွေကို Royal Defence Force (PKU)R.D.F အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲသုံးယောက်သေသွားပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်မှ ရဲသုံးဦးရဲ့ လက်နက်တွေကို သွားကောက်တဲ့ R.D.F အဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဘငြိမ်းနဲ့ ရဲဘော်မောင် Snake တို့ ကျဆုံးခဲ့ရပြီး M3 တစ်လက် ဆုံးရှုံးသွားတယ်လို့ ထုတ်ပြန်ပါတယ်။ ” ခွေးလက်နက်ပြေးကောက်စဉ် ကျဆုံးခဲ့ရပါသည်။ ရဲ ဘော်တစ်ယောက်လည်း လက်မစိုးရိမ်ရ ဒဏ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည် ” လို့ အသိပေးပါတယ်။ ရဲဘော်တွေလက်နက်ရစေရန် ရည်ရွယ်ပြီး အသက်ပေးသွားတဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဘငြိမ်းနဲ့ ရဲ ဘော်မောင် Snake တို့အား လေးစားစွာ အလေးနီပြုကြောင်းနဲ့ စစ်ကောင်စီတပ်ကိုဆက်လက်တိုက်ခိုက်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။
