စက်တင်ဘာ ၁၁၊ The Nation Voice
ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့ ၊ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး လေးရက်တိုင်တိုင် တပ်စွဲဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ URF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို ပိတ်ဆို့ကာ ချေမှုန်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဖက်က (၂၀)ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကာ ကရင်နီပူးပေါင်းတပ်ဖက်ကတော့ ရဲဘော် (၂)ဦးကျဆုံးခဲ့ရတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေကို ကောက်ယူဖို့ ခက်ခဲခဲ့တာကြောင့် သေဆုံးတပ်သားအချို့ ကိုင်ဆောင်ခဲ့တဲ့ လက်နက်တွေထဲက MA-1 သေနတ် (၁)လတ် ၊ MA-3 သေနတ် (၂)လက် ၊ RPG ဗုံးသီးများ ၊ (၆၀)မမဗုံးသီးများ ၊ ဆက်သွယ်ရေး အထိုင်စက် (၁)လုံး ၊ ကျည်ဆံတွေနဲ့ အသုံးအဆောင်တွေကိုပဲ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။၊
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက တစ်နေကုန်နီးပါး လက်နက်ကြီးတွေကို အလွန်အကျွံအသုံးပြုပစ်ခတ်ခဲ့သလို ညနေပိုင်းမှာလည်း တိုက်လေယာဥ် နဲ့ (၂) ကြိမ်တိတိ လာရောက်ပစ်ခက်ခဲ့ပြီး ပြည်သူလုထု နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့တယ်လို့ သိရပါတယ်။ မိုးဗြဲမြို့မှာ စက်တင်ဘာလ (၈)ရက်နေ့ကစပြီး ဒီနေ့ထိ (၄) ရက်တိုင်တိုင် အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေတာကြောင့် မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ကြသေးဖို့ ပြည်သူတွေကိုသတိပေးထားပါတယ်။



