စက်တင်ဘာ ၁၁၊ The Nation Voice
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ဆုံရွာမှာ စစ်ကောင်စီအားကိုးနဲ့ လက်နက်ကိုင် သောင်းကြမ်းနေတဲ့ ပျု(၃)ဦးကို စက်တင်ဘာ(၁၀)ရက်နေ့ကဒေသခံပူးပေါင်းတပ်တွေနဲ့အတူလိုက်လံပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF က ထုတ်ပြန်ပါတယ်။ စကစလက်ပါးစေနန္ဒဆိုသူဟာ သေနတ်ကျည်ရှင်းရာမှာ ကိုယ့်လက်ကိုပြန်လည်ပစ်ခတ်မိတာကြောင့် တင်ထွန်းဝေ၊ နန္ဒနဲ့ထွန်းထွန်းဝင်းဆိုတဲ့ ပျူစောထီး(၃)ဦးဟာမြင်းခြံဆေးရုံမှာသွားပြခဲ့တာပါ။
အဲ့ဒီပျူစောထီး(၃)ဦး မြင်းခြံဆေးရုံကအပြန် ဆီမီးခုံ-နဘူးအိုင် ကားလမ်းပေါ်မှာ ဒေသခံပူးပေါင်းတပ်တွေက လိုက်လံပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် ပျူ(၂)ဦးသေဆုံးသွားခဲ့ပြီး(၁)ဦးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Scorpion ပြောက်ကျားတပ်ဖွဲ့ စတဲ့ မဟာမိတ်ညီနောင်(၃) ဖွဲ့ကအတူပူးပေါင်း လုပ်ဆောင်ခဲ့ပါတယ်။
