စက်တင်ဘာ ၁၁၊ The Nation Voice
ယူကရိန်းတပ်ဖွဲ့တွေရဲ့မြန်ဆန်တဲ့တန်ပြန်ထိုးစစ်ကြောင့် နယ်မြေတွေထပ်သိမ်းနိုင်ချိန် ယူကရိန်းနိုင်ငံအရှေ့ပိုင်းမြို့တွေကနေ ရုရှားတပ်ဖွဲ့တွေနောက်ပြန်ဆုတ်နေရပါတယ်။ ရုရှားတပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးအသက်သွေးကြောလမ်းကြောင်းဖြစ်တဲ့နိုင်ငံအရှေ့ပိုင်းက ကူပီယန့်စ်မြို့ကို တပ်ဖွဲ့တွေ စနေနေ့မှာဝင်ရောက်နိုင်ခဲ့တယ်လို့ ယူကရိန်းအရာရှိတွေကပြောပါတယ်။
ပြန်လည်စုဖွဲ့ဖို့ အနီးနားမြို့ အီဇီယမ်ကနေတပ်ပြန်ဆုတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ ဒွန်နက်စ်ရှေ့တန်းမှာ စွမ်းဆောင်ရည်မြှင့်တင်ဖို့ တတိယမြောက်အဓိကမြို့ ဘာလာကလီယာကနေ တပ်ဖွဲ့တွေပြန်ရုတ်သိမ်းခဲ့ကြောင်းလည်း ဝန်ကြီးဌာနက အတည်ပြုပါတယ်။ နယ်မြေဆက်ထိန်းသိမ်းနိုင်မယ်ဆိုရင် ဧပြီလမှာ ကိယက်ဗ်မြို့နားကနေ ရုရှားတပ်ဖွဲ့ဝင်တွေပြန်ဆုတ်ပြီးနောက်ပိုင်း အသိသာဆုံးယူကရိန်းရဲ့စစ်ရေးအရေးသာမှုတွေဖြစ်လာမှာပါ။
အခုလအစောပိုင်းမှာစတဲ့တန်ပြန်ထိုးစစ်နောက်ပိုင်း ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေစတုရန်းကီလိုမီတာ ၂၀၀၀ ကျော်ရှိတယ်လို့ စနေနေ့ညက ဗီဒီယိုမိန့်ခွန်းမှာ ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီကပြောပါတယ်။တဝက်လောက်ကို ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာတင် ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း အသိပေးပါတယ်။ သူတို့အတွက် အကြီးစားစစ်ရေးအချက်အချာနေရာဖြစ်တဲ့ အီဇီယမ်မြို့ကနေ ဆုတ်ခွာခဲ့တယ်လို့ ရုရှားဘက်ကဝန်ခံတာဟာ သိသာထင်ရှားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။



