ယောဒေသက TYF တပ်စခန်း (၃)ကို စစ်အုပ်စုကဝင်စီးပြီး စခန်းကိုမီးရှို့သွား

စက်တင်ဘာ ၁၁၊ The Nation Voice

မကွေးတိုင်း၊ ယောဒေသက The Youth Force(Saw & Kyaukhtu)ရဲ့ စခန်းအမှတ် (၃)ကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဝင်စီးပြီး စခန်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အဲဒီအဖွဲ့က ဒီကနေ့ စက်တင်ဘာ (၁၁) ရက်မှာ ထုတ်ပြန်ပါတယ်။ မနေ့ စက်တင်ဘာ (၁၀) ရက် နေ့လယ်ပိုင်းက စစ်ကောင်စီလက်အောက်ခံ တပ်မ (၇၇)မှ အင်အား (၉၀)ခန့်နဲ့ လာရောက်စီးနင်း ဖျက်ဆီးခဲ့တာဖြစ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခံရပေမယ့် စစ်အသုံးအဆောင်တွေတော့ တစ်ခုမှပါမသွားဘူးလို့ ဆိုပါတယ်။

” အဆိုပါစခန်း အနီးအနားရှိ ​ပြည်သူများ၏ တဲများနှင့် လှည်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည် ” လို့ TYF က ထုတ်ပြန်ပါတယ်။ လက်ရှိမှာ တပ်မ (၇၇) ရဲ့ အင်အား (၉၀) ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဇမ္မူတောင်အနီးအနားမှာ စစ်ရေးလှုပ်ရှားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ TYF အနေ​​နဲ့ လက်နက်ပစ္စည်းကူညီထောက်ပံ့မှုများ ရရှိရေးကို တော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ မျှော်လင့်နေရဆဲသာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

#thenationvoicemyanmar #ယောဒေသ #TheYouthForce #စခန်းမီးရှို့ဖျက်ဆီးခံရ

Leave a Reply

Your email address will not be published. Required fields are marked *