စက်တင်ဘာ ၁၁၊ The Nation Voice
မန္တလေးတိုင်း၊မြစ်ငယ်မြို့ ဥယျာဉ်တော်ကျေးရွာ အမှတ်(၆)က စကစခန့်အုပ်ချုပ်ရေးမှူး တင်အုန်း (ခေါ်) ပွကြီးစိန်ဆိုသူကို စက်တင်ဘာ(၉)ရက်နေ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ MN PDF အမျိုးသမီးတပ်ဖွဲ့က ဒီကနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။ သူ့ကိုမနေ့မနက်က ဝေဠုဓမ္မာရုံအနီး ကျည်(၇)တောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး တင်အုန်း (ခေါ်) ပွကြီးစိန်ဟာ စကစရဲ့ အုပ်ကြီးအဖြစ် ရပ်တည်နေရုံသာမက ပျူစောထီးသင်တန်းဆင်း၊ ပြည်သူ့စစ်အဖွဲ့ဝင် လည်းဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဉ်အတွင်း စကစခန့်အုပ်ချုပ်ရေးမှူး တင်အုန်းကိုင်ဆောင်သည့် လက်နက်ကို အခြေအနေတချို့အရ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပဲ ပြည်သူတစ်ဦး လက်ထိမှန်ခဲ့တဲ့အတွက် MN PDFအနေနဲ့ အနူးအညွတ်တောင်းပန်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စကစအဖွဲ့ဝင်တွေနဲ့ မပတ်သတ်ပဲ ဝေးဝေးက ရှောင်ရှားသွားလာကြဖို့ကိုလည်း အထူးသတိပေးလိုတယ်လို့ ပြောဆိုထားပါသေးတယ်။
