ကလေးမြို့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြ

စက်တင်ဘာ ၁၂၊ The Nation Voice

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကလေးဒေသခံလူထုတစ်ရပ်လုံးအနေဖြင့်ထောက်ခံကြောင်း ” Accept NUG & Our ambassador, Reject Dictator “ဆိုတဲ့ စတန်းများဆွဲကိုင်ကာ ဒီကနေ့မှာ ချီတက်ဆန္ဒပြခဲ့တယ်လို့ “ကလေးမြို့ပင်မသပိတ်အင်အားစု”ဆီက သိရပါတယ်။

အဲ့ဒီ ချီတက်ဆန္ဒပြပွဲမှာ ကလေးမြို့ဒေသခံ PDF ရဲဘော်တွေကဝန်းရံပြီး ဒေသခံပြည်သူတွေနဲ့အတူ လူအင်အားအများအပြားနဲ့ ချီတက်ခဲ့တာလို့ သိရပါတယ်။

စစ်အာဏာရှင်ရဲ့ ခေတ်အဆက်ဆက်ဖိနှိပ်ချုပ်ချယ်မှုတွေအပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့ ငြိမ်ခံမနေဘဲလမ်းမပေါ်တက်ကာ အလံနဲ့အသံကြားရာအရပ်ကနေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက်တိုက်တွန်းတယ်လို့လည်း “ကလေးမြို့ပင်မသပိတ်အင်အားစု”ကပြောပါတယ်။

“ကလေးမြို့ပင်မသပိတ်အင်အားစု”ဟာ ဒီနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်ခဲ့တာ ရက်ပေါင်း(၅၈၃)ရက်ရှိပြီလို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *