ဖားကန့်၊ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲပြင်းထန်၊ KIA တပ်စခန်းကို စစ်ကောင်စီတပ် လေကြောင်းက တိုက်ခိုက်

စက်တင်ဘာ ၁၂၊ The Nation Voice

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ရှဒူးဇွပ်ရွာနဲ့ မိုင်အနည်းငယ်အကွာမှာရှိတဲ့ နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့စစ်ကောင်စီတပ်တို့ ဒီကနေ့မနက်ကနေ နေ့လည်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှဒူးဇွပ်ရွာနဲ့ နှစ်မိုင်လောက်သာ ဝေးတဲ့ KIA တပ်စခန်းတစ်ခုဖြစ်တဲ့ ၀ခါးစခန်း ဘက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လို့ တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေအထိနာလို့ လေကြောင်း ကနေ တိုက်ခိုက်တာတွေလည်းရှိလာတယ်လို့ ဒေသခံက ပြောပါတယ်။

“ဒီနေ့မနက်ကနေ နေ့လည်အထိ ခဏတုန်းကအထိ ချနေတာ။ လေယာဉ်က တစ်ခေါက်လာရင် ၄စီး ၄စီး ပတ်ပြီးမှ ပြန်ပစ် အဲဒီလို။ ၀ခါးစခန်းရယ် ငါးကန်စခန်းရယ်ကို တိုက်တာ” လို့ ဒေသခံက ဒီနေ့ မွန်းလွဲပိုင်းမှာ ပြောပါတယ်။

တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

KIA အနေနဲ့လည်း ရှဒူးဇွပ်ဒေသ အနီး အပါအဝင် ဖားကန့်မြို့နယ်နဲ့တနိုင်းလီဒိုလမ်းမှာ စစ်ကောင်စီတပ်ကို မကြာခဏ ခြုံခိုတိုက်ခိုက်တာ၊မိုင်းဆွဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *