မတ္တရာမြို့နယ်တိုက်ပွဲအတွင်း စကစဘက်ကအချင်းချင်းလက်နက်ကြီးနဲ့ မှားယွင်းပစ်ခတ်၊စကစဘက်မှာထိခိုက်သေဆုံးမှုများနေ

စက်တင်ဘာ ၁၂၊ The Nation Voice

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း ဒေသခံပူးပေါင်းတပ်တွေနဲ့ စကစတပ်တို့ဒီကနေမနက်ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ တိုက်ပွဲအတွင်းစကစဘက်က (၁၃)ဦးအထိသေဆုံးခဲ့တယ်လို့ Tiger King ကထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်အတွင်းကကျေးရွာတွေဖြစ်တဲ့ ရှင်လှ၊အေးကျွန်း၊ရေလည်ကျွန်းတို့မှာ စကစတပ်တွေနဲ့ ဒီကနေ့မနက်( ၉ )နာရီခန့်က စတင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်းအပြန်အလှန်ပစ်ခတ်‌မှုနာရီဝက်ကြာအောင် ဖြစ်ပွားခဲ့ပြီး Tiger King တပ်ရင်း(၁၅)က အဝေးပစ်လက်နက်ကြီးနဲ့(၁၂)ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စကစတပ်က အထိနာနေတာကြောင့် လက်နက်ကြီးပစ်ကူနဲ့တိုက်ခိုက်ရာမှာ လက်နက်ကြီး(၂) လုံးဟာ စကစတပ်သားတွေအနား ကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက်များစွာရှိခဲ့ကြောင်း စုံစမ်းသိရှိရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ ဒေသခံပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုတွေကြောင့် စကစဘက်က(၁၃)ဦးသေဆုံးပြီး (၁၅)ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Tiger King တပ်ရင်း(၁၅)နဲ့အတူ ကောင်းကင်တော်လှန်ရေးအင်အားစု မတ္တရာ၊ရွှေဘိုခရိုင် တပ်ရင်း ၁၇ ( ဒေါင်းစစ်သည် )၊ရွှေဘိုခရိုင် တပ်ရင်း ၁၈၊ ဧရာဝတီညီအကို မတ္တရာအဖွဲ့၊ GZ Special Task Force၊ ဒေါင်းနီ အဖွဲ့၊စစ်က်ိုင်းတပ်ရင်း (၂) တပ်ခွဲ ( ၁ )၊ ရွှေဘိုခရိုင် တပ်ရင်း ၂၊ G Fatt အဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *