စက်တင်ဘာ ၁၂၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာ-စစ်ကိုင်းကားလမ်းပေါ်မှာ စကစတပ်သားတွေ အင်အားအပြည့်လိုက်ပါလာတဲ့ ကွန်တိန်နာကားကို ဒီကနေ့(၂)နာရီလောက်မှာ မဟာမိတ်တပ်တွေနဲ့အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Army To Fight Dictatorship(PAFD)က သတင်းထုတ်ပြန်ပါတယ်။
မုံရွာ (နမခ)ကနေ စစ်ကိုင်းဘက်ကိုထွက်လာတဲ့ စကစတပ်သားတွေလိုက်ပါလာတဲ့ ကွန်တိန်နာကား(၄)စီးထဲက (၂)စီးမြောက်ကားကို မြင်းမူမြို့နယ်ဝမ်းပြည့်ကျေးရွာနဲ့အလ္လကပ္ပကျေးရွာကြားမှာ ပဒေသာမိုင်း(၆)လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဖြစ်ကြောင့် (၄)စီးပါစကစယာဉ်တန်းကို ထိထိမိမိ ထိမှန်ခဲ့ပြီး စကစဘက်က အသေအဆုံးများနိုင်ကာ အခြေအနေအရပ်ရပ်ကြောင့် အသေးစိတ်မသိရှိရသေးဘူးလို့ (PAFD)ကထုတ်ပြန်ထားပါတယ်။
စကစတပ်သားတွေဘက်ကလည်း အပြင်းအထန်ပြန်လည်ခတ်မှုတွေပြုလုပ်ခဲ့ပြီး မဟာမိတ်တပ်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့People’s Army To Fight Dictatorship(PAFD)နဲ့အတူ တပ်ခွဲ DK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စတဲ့မဟာမိတ်အဖွဲ့တွေ အတူပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

