နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုတွေကြောင့် မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ်ထပ်မံသတိပေး

စက်တင်ဘာ ၁၃၊ The Nation Voice

တစ်လကျော်ကြာနေတဲ့ မြန်မာဘက်ကတိုက်ပွဲတွေရှိနေချိန် ဘင်္ဂလားဒေ့ရှ်နယ်မြေထဲ မြန်မာဘက်က ပစ်ခတ်မှုတွေထပ်ရှိလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ထပ်မံသတိပေးလိုက်ပါတယ်။ သောကြာနေ့မှာ မြန်မာဘက်ကပစ်ခတ်တဲ့ AK-47 ကျည်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းက ဘန်ဒါဘန်ခရိုင်ထဲ ကိုက် ၂၅၀ လောက်အထိရောက်လာတယ်လို့ အရာရှိတွေကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုဖြတ်ပြီး လက်နက်ကြီးတွေနဲ့ကျည်တွေကျနေတာကို ဆန့်ကျင်ကန့်ကွက်ကြောင်းပြောထားတယ်လို့ စနေနေ့ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန် ခန်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကလည်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဆီ ကန့်ကွက်ကြောင်းစာတစ်စောင်ပေးပို့ထားတယ်လို့ သူကပြောပါတယ်။ စက်တင်ဘာ ၄ ရက်တုန်းကလည်း စစ်ကောင်စီလက်အောက်ခံ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကို (၂)ပတ်အတွင်း တတိယအကြိမ်ဆင့်ခေါ်ပြီး နယ်စပ်တင်းမာမှုတွေမြင့်တက်လာတာနဲ့ ဘင်္ဂလားဒေ့ရှ်လေကြောင်းပိုင်နက်ကျူးကျော်တာတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ မြန်မာအာဏာသိမ်းစစ်တပ်နဲ့ရက္ခိုင့်တပ်တော်(AA)တို့ကြား မကြာသေးမီက တင်းမာမှုတွေရှိခဲ့တာကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။

Source – Anadolu Agency Photo – Anadolu Agency

Leave a Reply

Your email address will not be published. Required fields are marked *