စက်တင်ဘာ ၁၃၊ The Nation Voice
မကွေးတိုင်း၊ ပခုက္ကူအကျဥ်းထောင်ကနေ အသက်စွန့်ထွက်ပြေးလွတ်မြောက်လာတဲ့ ရဲဘော်နှစ်ဦး စခန်းပြန်ရောက်ပြီလို့ 96 Soldiers – PDF တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုဇေယျာလွင်က သတင်းစကားပါးပါတယ်။ ” ကျွန်တော်တို့ဆီကို ရောက်ရှိနေပါပြီ။ သူတို့ပြောပြတဲ့ ဖောက်ထွက်လာတဲ့အကြောင်း နားထောင်ရတာဟာ ကျွန်တော်တို့ ကြည့်ခဲ့ဖူးတဲ့ ထောင်ဖောက်တဲ့ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေ လာပြောနေသလိုမျိုး အံသြဘနန်းဖြစ်ရပါတယ် ” လို့ ကိုဇေယျာလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။
လက်ရှိမှာ အဲဒီရဲဘော်နှစ်ဦးစလုံး တော်လှန်ရေးဆက်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလိုလည်း ကိုဇေယျာလွင်က ဖော်ပြပါတယ်။ စစ်ကောင်စီ အကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော် (၂)ဦး၊ တခြား နိုင်ငံရေး ပုဒ်မများဖြင့် မတရားဖမ်းဆီးခံထားခြင်းခံရသူ (၃)ဦးပါဝင်ပြီး (၅)ဦးစလုံးကို ပခုက္ကူအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လွတ်မြောက်ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
