ပုလောမှာ ရှင်းလင်းခံရတဲ့ လက်နက်ကိုင် အုပ်ကြီးဆီက မူးယစ်ဆေးနဲ့ ကွန်ဒုံးတွေ တွေ့ရ

စက်တင်ဘာ ၁၃၊ The Nation Voice

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာက စစ်မှုထမ်းဟောင်း အုပ်ကြီးမောင်ယုကို နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပုလောဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက နန်းထိုက်အောင်စစ်ဆင်ရေးလှုပ်ရှားမှုအနေနဲ့ သင်္ဃန်းမော်နဲ့ ရွှေလုံးအောင်ကြားမှာ မနေ့ညနေပိုင်းလောက်က ရှင်းလင်းလိုက်တာဖြစ်ပါတယ်။

အဲဒီလူဆီက လက်ပစ်ဗုံးနှစ်လုံး၊ ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ငွေကျပ် (၉) သိန်း၊ မှတ်ပုံတင် ၈ ခု၊ WY ဆေးပြား (၈) ပြား၊ ခဲပတ်တစ်ခု၊ ကွန်ဒုံး (၂) ခု၊ လက်စွပ် ၃ ကွင်း၊ ဆေးထိုးအပ်၊ ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီအုပ်ကြီး မောင်ယုဟာ ပုလောမြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဘိသိက်ဆရာ၊ အပ်ပုန်းဆရာအနေနဲ့ လုပ်ကိုင်ခဲ့ဖူးသူလည်းဖြစ်ကာ တော်လှန်ရေးကာလမှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူဖြစ်တဲ့အပြင် CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ပြည်သူကို လက်နက်ကိုင် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတာကြောင့် ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *