စက်တင်ဘာ ၁၃၊ The Nation Voice
မကွေးတိုင်း၊ပေါက်မြို့နယ်ရဲစခန်းက ရဲတပ်သား(၁)ဦးဟာ CDM ပြုလုပ်ကာ ပြည်သူနဲ့ပူးပေါင်းလာတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မှာထုတ်ပြန်လာပါတယ်။ အဲ့ဒီရဲတပ်သားဟာ ပေါက်မြို့နယ်ရဲစခန်းကဖြစ်ပြီး G3 သေနတ်တစ်လက်နှင့်အတူ ကျည်ဘောက်(၂)ခု၊လက်ထိပ်(၁)စုံ၊ကျည်(၁၃၂)တောင့်နဲ့ CDM လုပ်လာတာကြောင့် ကျပ်သိန်း(၁၀၀)ဆုချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကိုပို့ဆောင်ထားပြီဖြစ်ကြောင်း မြိုင်(ပကဖ)ကအသိပေးသည်။ ဒါ့အပြင် ကျန်ရှိတဲ့ ရဲ/စစ်သားတွေအနေနဲ့ ပြည်သူနဲ့ပူပေါင်းပြီး CDM လုပ်စေလိုကြောင်း သတိပေးတိုက်တွန်းလိုတယ်လို့လည်း မြိုင်(ပကဖ)ကထုတ်ပြန်ထားပါတယ်။

