စက်တင်ဘာ ၁၃၊ The Nation Voice
ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့ ပြည်သူ့တပ်မတော်သား မိသားစုတွေရဲ့ သားသမီးတွေကို ပညာဆက်လက်သင်ကြားနိုင်ဖို့ KNU က စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ NUG ရဲ့ ပြန်ကြားရေးရုပ်သံ PVTV က ကြေညာပါတယ်။ ပြည်သူ့စစ်သားဇနီးများအဖွဲ့ကလည်း ကလေးငယ်တွေအတွက် လွယ်အိတ်၊ ဖိနပ် အပါအဝင် ကျောင်းစရိတ် ထောက်ပံ့ကူညီခဲ့ကြပါတယ်။ တပ်သားဟိန်းစိုးရဲ့ သားနဲ့သမီးတွေဖြစ်တဲ့ မောင်ဘုန်းပြည့်လျှံက Grade- 5 ၊ မချစ်သွန်းအိမ်က Grade-2 ၊ မောင်အံ့ဘုန်းခန့်က KG တက်ရောက်ကြပြီး CDM တပ်ကြပ် သန်းနိုင်ဦးရဲ့ သမီးငယ်လေး မမိုးသီရိနိုင် ကတော့ မူကြို တက်နေကြပါပြီ။
ပြည်သူ့ရင်ခွင်မှာ မိသားစုတွေ အတူတကွ ဘဝသစ်စနေကြပြီဖြစ်သလို ကလေးတွေရဲ့ ပညာရေးဆက်လက်ခွင့်ရလို့ ပျော်မဆုံးဖြစ်နေကြတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို သိမြင်နားလည်လာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြသူတပ်မတော်သား၊ ရဲသားဦးရေဟာ တစ်စထက်တစ်စ များပြာလာလျက်ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်
။ NUG ရဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီနဲ့ သက်ဆိုင်ရာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သား၊ ရဲသားတွေအတွက် ကူညီဆောင်ရွက် ထောက်ပံ့မှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ #thenationvoicemyanmar #ပြည်သူ့ရင်ခွင် #သားသမီးတွေ #ကျောင်းတက်ကြပြီ



