လောင်းလုံမြို့နယ်အတွင်း ပျူ(၄)ဦးပါလာတဲ့ ကားတစ်စီးကို ထားဝယ်(ပကဖ)တိုက်ခိုက်

စက်တင်ဘာ ၁၃၊The Nation Voice

တနင်္သာရီတိုင်းဒေသကြီး၊လောင်းလုံမြို့နယ်မှာ မနေ့က ပျူစောထီးအဖွဲ့ဝင်(၄)ဦး ပါလာတဲ့ကားကိုတိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team – DDT က သတင်းထုတ်ပြန်ပါတယ်။ မနေ့ကနေ့လည်(၁၂)နာရီလောက်မှာ လောင်းလုံမြို့နယ်အတွင်းပျူ(၄)ဦးလိုက်ပါလာတဲ့ကားကို အင်းဇောက်ရွာနဲ့ပန္နလဲရွာကြားတစ်နေရာမှာ DDT-တပ်ခွဲ(၃)က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်ကပျူ(၄)အနက် နှစ်ဦး နေရာမှာတင်ပွဲခြင်းပြီးသေဆုံးသွားပြီး ကျန်(၂)ဦးမှာ ထားဝယ်ဆေးရုံကြီး အရေးပေါ်ဌာနကိုရောက်ရှိနေကြောင်း မြေပြင်သတင်းတွေအရ စုံစမ်းသိရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီပျူ(၄)ဦးဟာ လက်နက်ကိုင်ဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ပြီး ကျေးရွာအတွင်းက ပြည်သူတွေကို အကြောင်းမရှိ သတ်ဖြတ်၊ဖမ်းဆီး၊ဓားမြတိုက်လုယက် ယုတ်မာခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူတွေရဲ့ခရီးသွားယာဥ်တွေအနေနဲ့ လမ်းမပေါ်မှာ စစ်ကား ၊ ရဲကားတွေနဲ့ ကပ်မလိုက်ကြရန် ကိုလည်းထပ်လောင်း အသိပေး မေတ္တာရပ်ခံတယ်လို့ Dawei Defense Team – DDT တပ်ခွဲ(၃)က ပြောဆိုထားပါသေးတယ်။ #thenationvoicemyanmar #DDT #PDF #လောင်းလုံး #ထားဝယ်

Leave a Reply

Your email address will not be published. Required fields are marked *