အကျဉ်းကျနေစဉ် သေဆုံးမှုတွေအတွက် မြန်မာစစ်တပ်နဲ့ရဲမှာတာဝန်ရှိကြောင်း HRW ထောက်ပြ

စက်တင်ဘာ ၁၃၊ The Nation Voice

မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း အကျဉ်းသားတွေသေဆုံးမှုအတွက်တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က အင်္ဂါနေ့မှာပြောပါတယ်။ နှိပ်စက်မှုနဲ့ဆေးကုသခွင့်ငြင်းဆန်ခံခဲ့ရတဲ့ အကျဉ်းကျခံနေရတဲ့တက်ကြွလှုပ်ရှားသူ (၆)ဦးသေဆုံးမှုကို HRW ကမှတ်တမ်းတင်ထားပါတယ်။ အာဏာသိမ်းစစ်တပ်က ဒီသေဆုံးမှုတွေနဲ့ပတ်သက်ပြီး လေးလေးနက်နက်စုံစမ်းစစ်ဆေးခဲ့တာမရှိသလို တာဝန်ရှိသူတွေကိုလည်း အရေးယူခဲ့တာမရှိပါဘူး။

“HRW ကမှတ်တမ်းတင်နိုင်ခဲ့တဲ့သေဆုံးသူ ၆ ယောက်ဟာ မြန်မာစစ်တပ်နဲ့ရဲတွေထိန်းသိမ်းခံထားရသူတွေခံစားရတာနဲ့ နှိပ်စက်ခံရမှုတွေရဲ့ထိပ်ဖျားပဲရှိပါသေးတယ်။အာဏာသိမ်းစစ်တပ်ရဲ့ရက်စက်မှုတွေအရ အကျဉ်းကျခံနေရသူတွေသေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို တရားဥပဒေရှေ့မှောက်ပို့ဖို့ သိသာထင်ရှားတဲ့လုပ်ရပ်မရှိတာ အံ့သြစရာတော့မရှိပါဘူး”လို့ HRW ရဲ့မြန်မာသုတေသီ မန်နီ မောင်ကပြောပါတယ်။

ထိုင်းအခြေစိုက်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့စာရင်းတွေအရ အာဏာသိမ်းမှုနောက်ပိုင်း ရဲစခန်းတွေ၊ စစ်တပ်စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ စစ်တပ်နဲ့ရဲရဲ့အကျဉ်းချခံရသူ(၇၃)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီသေဆုံးမှုတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလူနည်းစုဒေသတွေမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့စစ်ဆင်ရေးတွေနောက်ပိုင်းသေဆုံးခဲ့တဲ့ အနည်းဆုံးလူ(၆၉၀)ဦးရဲ့ရာခိုင်နှုန်းအနည်းငယ်သာဖြစ်ပါတယ်။

Source – HRW Photo – Reuters
Source – HRW Photo – Reuters

Leave a Reply

Your email address will not be published. Required fields are marked *