KNDF/B-05 နဲ့ KRU ပူးပေါင်းအဖွဲ့တွေ ကင်းလှည့်နေတုန်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့မှုဖြစ်ပြီး RPG နဲ့ပစ်လို့ စစ်သား လေးဦးသေ

စက်တင်ဘာ ၁၃၊ The Nation Voice

KNDF/B-05 နဲ့ KRU ပူးပေါင်းအဖွဲ့တွေဟာ သေးဆူးလဲမှာ ကင်းထောက်နေစဉ် စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ KNDF/B-05 က ထုတ်ပြန်ပါတယ်။ အဲဒီထိတွေ့တိုက်ပွဲမှာ ကရင်နီပူးပေါင်းအဖွဲ့ဘက်က RBG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား (၄) ဦးခန့်သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့ပြီး KRU ရဲဘော်တွေကလည်း လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးပစ်ကူ အနည်းဆုံး (၂) ကြိမ်ခန့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကရင်နီပူးပေါင်းတပ်တွေအနေနဲ့ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ စစ်ကေင်စီက ကယားပြည်နယ်ရဲ့ ဒေသတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ မိုးဗြဲဒေသကို ဝင်ရောက်တိုက်ခိုက်နေတာ ငါးရက်လောက်ရှိပြီဖြစ်ပြီး တစ်ချို့စစ်ကောင်စီတပ်တွေကတော့ ကရင်နီတပ်တွေရဲ့ ခုခံမှုကို မခံနိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *