စက်တင်ဘာ ၁၄၊ The Nation Voice
မကွေးတိုင်း၊ဆောမြို့နယ်၊ကျောက်ထု မြို့ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ရဲသားနှစ်ဦးကို ဒီမနက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၄ရက် မနက် ၇နာရီခွဲလောက်မှာ ကျောက်ထု ရဲစခန်းကနေဆိုင်ကယ်တစ်စီးနဲ့ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲသားတို့ကို ရဲစခန်းနဲ့ ဂုံဘိုရပ်ကွက် အကြားမှာ လက်နက်ငယ်တွေနဲ့ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး နေရာမှာ သေဆုံးသွားပြီး PDF ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ ကျောက်ထု PDF အနေနဲ့ဆောမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေကို ခြုံခိုတိုက်ခိုက်တာ မိုင်းဆွဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
