စက်တင်ဘာ ၁၄၊ The Nation Voice
စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေနဲ့ ပြန်လည်ဆုတ်ခွာနေရပြီး ကရင်နီပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေရှိနေပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို ကယ်တင်နိုင်ဖို့အတွက် MOBYE PDF Rescue Team-MPRT ၊ Dove KK၊ Medic Unit – DMO နဲ့ မဟာမိတ်ဆေးအဖွဲ့ ကယ်ဆယ်ရေးတပ်သားတွေက မိုးဗြဲတိုက်ပွဲမှာ ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ် ထိခိုက်ဒဏ်ရာရတဲ့ တိုက်ခိုက်ရေးရဲဘော်တွေကိုအမြန်ဆုံး ကယ်ဆယ်ကုသပေးခဲ့ရသလို တစ်ချို့ရဲဘော်တွေကို ပစ်ကွင်းထဲအထိဝင်ရောက်ရောက်ပြီး ဆွဲထုတ်ရတဲ့ အခြေအနေတွေလည်းရှိတယ်လို့ Medic Unit – DMO က အသိပေးလာပါတယ်။ ဒီလို တိုက်ပွဲကြားထဲကနေကယ်ထုတ်နေရတဲ့ ဆေးအဖွဲ့တွေဟာ မလွယ်ပေမယ့် ဘယ်ရဲဘော်ကိုမှ အဆုံးမခံနိုင်တဲ့အတွက် အသက်ကိုရင်းပြီး ပြန်လည်ကယ်ထုတ်နေကြတာဖြစ်ပြီး အသက်ပေးလှူသွားတဲ့ သူရဲကောင်းရဲဘော်တွေကို အလေးနီပြုတယ်လို့ ဖော်ပြထားပါတယ်။



