မုံရွာစီးပွားရေးတက္ကသိုလ်အနီးကင်းပုန်းဝတ်နေတဲ့ စကစတပ်သားတွေကို မဟာမိတ်တပ်တွေက တိုက်ခိုက်

စက်တင်ဘာ ၁၄၊ The Nation Voice

စစ်ကိုင်းတိုင်း၊မုံရွာစီးပွားရေးတက္ကသိုလ်အနီးကင်းပုန်းဝတ်နေတဲ့ စကစတပ်သားတွေကို God Of Monywa PDF နဲ့အတူ မနေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Black Dragon Special Task Force ကထုတ်ပြန်ပါတယ်။ မနေ့ကည(၁၀)နာရီလောက်မှာ မုံရွာ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်နားမှာ ကင်းပုန်းဝပ်နေတဲ့ စကစတပ်သား(၃)ဦးကို မဟာမိတ်(၂)ဖွဲ့က လက်နက်ငယ်တွေနဲ့ ရှောင်တခင်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ကင်းပုန်းဝတ်နေတဲ့ စကစတပ်သား(၃)ဦးလုံး သေဆုံးသွားခဲ့ပြီး ခဏအကြာမှာ အနီးအနားက စကစတပ်သားတွေရောက်ရှိလာကာ လက်နက်ငယ်တွေနဲ့အတူ (၄၀)မမ၊(၆၀)မမ တွေနဲ့ပြန်လည်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ ပစ်ခတ်မှုတွေကြောင့် မဟာမိတ်အဖွဲ့တွေဘက်က လက်နက်ရရှိမယ့် အခွင့်အရေးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ B.D.S.T.F က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *