စက်တင်ဘာ ၁၄၊ The Nation Voice
ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)မှာ မနေ့ညနေပိုင်းက လူထုတေးသံသီချင်း သံပြိုင်သီဆို၍ “UN Prove Your ExistenceForJustice”စာသားကိုကိုင်ဆွဲကာ ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းသာ ပြည်သူ့အသံ၊ ပြည်သူ့အစိုးရကိုယ်စားပြုဖြစ်ပြီး ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် UN ကိုတောင်းဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချိန် အကြမ်းဖက်သူပုန်စစ်တပ်က အိမ်စီးကားတွေကိုအသုံးပြုပြီး အရပ်ဝတ်တွေနဲ့ သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့ကြတယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က အသိပေးထားပါတယ်။
အဲဒီအကြမ်းဖက် ဖမ်းဆီးခံရမှုဖြစ်စဥ်မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)၊ Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်းကျောင်းသားများသမဂ္ဂ၊ Owl Community၊ သတင်းထောက် အစရှိတဲ့အဖွဲ့အစည်းအသီးသီးက အမျိုးသမီး၊ အမျိုးသား၊LGBTQနဲ့ အသက်မပြည့်သေးတဲ့လူငယ် စုစုပေါင်း (၁၅) ယောက်ကျော် ဖမ်းဆီးခံရပြီး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် မည်သည့်နေရာကို ရောက်ရှိနေကြောင်း မသိရတဲ့အတွက် အဖွဲ့အစည်းအသီးသီးနဲ့ မိသားစုဝင်တွေက အကြမ်းဖက်သူပုန်စစ်တပ်ရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်ဆက်မှုတွေအပေါ် အသက်အန္တရယ်ထိခိုက်မှုရှိမှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
