စက်တင်ဘာ ၁၄၊The Nation Voice
စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်နဲ့ငါးဇွန်မြို့နယ်ကြားက ရေလယ်သောင်ရွာမှာ စခန်းချတပ်စွဲပြီး သောင်းကြမ်းနေတဲ့ စကစအဖွဲ့ဝင်တွေကို မနေ့က မဟာမိတ်တွေနဲ့အတူ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Nway Oo Takhon PDF ကထုတ်ပြန်ပါတယ်။ မနေ့ကည(၉)နာရီခွဲလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စကစဘက်က(၂)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ မဟာမိတ်တွေဘက်က အထိအခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ Nway Oo Takhon PDF နှင့်အတူ အခြားမဟာမိတ်(၆)ဖွဲ့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ရေလယ်သောင်ရွာမှာ တပ်စွဲထားတဲ့ စကစ တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အနီးအနားက ဒေသခံကျေးရွာတွေကို မီးရှို့၊လုယက်တာတွေအပြင် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်နေပါတယ်။

