စက်တင်ဘာ ၁၄၊The Nation Voice
မကွေးတိုင်း၊ရေစကြိုမြို့နယ် ညောင်ပင်ရွာကနေဝါဘိုးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စကစ စစ်ကြောင်းနဲ့ ဒေသခံပူးပေါင်းတပ်တွေ မနေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ ပူးပေါင်းတပ်တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ဖွဲ့ရဲ့ ရဲဘော်(၁)ဦးဟာ ဝမ်းဗိုက်ကျည်ဖောက်ထိမှန်ခဲ့ပြီး(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှု အလျင်မြန်ခံယူခဲ့လို့ (အသက်အန္တရာယ်မထိခိုက်)ခဲ့ဘူးလို့ MG6 ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
အင်အား(၅၀)နဲ့ တက်လာတဲ့ စကစစစ်ကြောင်းကို ဝါဘိုးရွာအထွက် ထန်းတောကျေးရွာအကြားမှာ ဒေသခံပူးပေါင်းတပ်တွေက အရင်ဆုံး မိုင်းဆွဲပြီးမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ စကစဘက်က(၆)ဦးအပြင်းအထန် ဒဏ်ရာရပြီး သေဆုံးစာရင်းအတိအကျကိုတော့မသိရသေးဘူးလို့ ဆိုပါတယ်။ အဲ့ဒီပါတိုက်ခိုက်မှုကိုတော့ MG6 ပြောက်ကျားတပ်(မြင်းခြံ)မြင်းခြံခရိုင်တပ်ရင်း(၅)၊ YSO NO1ပြောက်ကျားတပ်နဲ့ YLK NEW POWER PDF တို့အတူပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။

