တန်ပြန်ထိုးစစ်ရလဒ်တွေကို ယူကရိန်းဆက်ထိန်းထားနိုင်၊ရေရှည်ခရီးဆက်ရဦးမယ်လို့ အမေရိကန်သမ္မတရှုမြင်နေ စက်တင်ဘာ ၁၄၊ The Nation Voice ရုရှားတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်လည်ရယူနေတဲ့ လျင်လျင်မြန်မြန်ထိုးစစ်ဆင်နေမှုကနေ ရလဒ်သေချာအောင်ယူကရိန်းကလုပ်နိုင်ခဲ့ပြီး သိမ်းပိုက်ထားတဲ့နယ်မြေတွေအားလုံးပြန်ရအောင် တန်ပြန်နိုင်မယ့်အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အခုလအတွင်းမှာ နိုင်ငံအရှေ့မြောက်ပိုင်း ခါကစ်ဗ်ဒေသက သိမ်းပိုက်ခံနယ်မြေစတုရန်းကီလိုမီတာ(၈၀၀၀)လောက်ကို ယူကရိန်းတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အင်္ဂါနေ့ညနေခင်းမိန့်ခွန်းမှာ ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီကပြောပါတယ်။ နယ်မြေတည်ငြိမ်ရေးအစီအစဉ်တွေလည်း ပြန်သိမ်းထားနိုင်တဲ့နယ်မြေတဝက်လောက်မှာ ပြီးဆုံးပြီလို့ သူကပြောပြီး ကျန်တဲ့တဝက်လောက်မှာ ဆက်လုပ်နေတယ်လို့လည်း အသိပေးပါတယ်။ ဒီထိုးစစ်က ရေရှည်ခရီးဆက်ရဦးမယ်လို့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ခန့်မှန်းလိုက်ချိန်မှာပဲ နယ်မြေတွေဆက်တိုက်ပြန်သိမ်းပိုက်နိုင်နေတာပါ။ (၆)လကျော်ကြာနေတဲ့ယူကရိန်းစစ်ပွဲမှာ ယူကရိန်းက အပြောင်းအလဲတစ်ခုလုပ်နိုင်ပြီလားလို့ သတင်းထောက်တွေက မေးမြန်းစဉ်မှာလည်း ပြောဖို့ခက်ပေမဲ့ ယူကရိန်းတွေက သိသာထင်ရှားတဲ့တိုးတက်မှုတွေလုပ်နိုင်ပြီဖြစ်လို့ ရေရှည်ခရီးဆက်ရဦးမယ်လို့ မြင်တယ်လို့ ဘိုင်ဒန်ကပြောပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီတွေထပ်ပေးဖို့ အိမ်ဖြူတော်က ကြေညာဖို့ရှိတယ်လို့ လက်နက်နဲ့အထောက်အပံ့ဒေါ်လာသန်းထောင်ချီပေးထားတဲ့ အိမ်ဖြူတော်က ပြောပါတယ်။ ယူကရိန်းနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ခါကစ်ဗ်နဲ့ပတ်ဝန်းကျင်မှာ ရုရှားတပ်ဖွဲ့တွေက အရင်ကထိုးစစ်ပုံစံကနေ အခုခံစစ်အသွင်ပြောင်းသွားတယ်လို့ အမေရိကန်ပြောခွင့်ရသူတစ်ဦးကပြောပါတယ်။

Source – Reuters Photo – Reuters
Source – Reuters Photo – Reuters
Source – Reuters Photo – Reuters
Source – Reuters Photo – Reuters

Leave a Reply

Your email address will not be published. Required fields are marked *