စက်တင်ဘာ ၁၅၊ The Nation Voice
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရေနံမြေရဲကင်းစခန်းက ရဲတပ်သား (၈) ဦး ကင်းပတ်ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာခံရလို့ သေဆုံးထိခိုက်မှုတွေရှိပြီး လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး(MVRF)က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း အမှတ်( ၆ ) – MVRF နဲ့ Eagle Fighter( MVRF အဖွဲ့ဝင်) တပ်ဖွဲ့တို့ က ဒီလ (၁၄) ရက်နေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှု့မှာ ရဲတပ်သား ရှင်းခန့်သူ သေဆုံးခဲ့သလို နောက်ထပ်ရဲတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ G3 တစ်လက်၊ ကျည် (၁၁၅) တောင့်၊ ဘောက်အပို တစ်ခု ၊ ငွေသား တစ်သိန်းကျော်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရပြီးနောက် ရဲတပ်သားတွေဟာ Well 2 စခန်းအတွင်း ထွက်ပြေးသွားကာ တိုက်ပွဲအတွင်း MVRF ရဲ့ရဲဘော် တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

