စက်တင်ဘာ ၁၅၊ The Nation Voice တပ်ဖွဲ့ရိက္ခာအတွက် မကွေးတိုင်းမှာ လယ်မလုပ်တော့တဲ့ တောင်သူတွေဆီက လယ်မြေငှားပြီး စပါးစိုက်ထားတယ်လို့ People Revolution Army – PRA တပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ (၁၅) ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ လယ်မြေ (၂)ဧကနီးပါး ပြည်သူထံမှ ငှားရမ်းပြီး PRA တပ်ဖွဲ့ဝင်များကိုယ်တိုင် စိုက်ပျိုးထားတာလို့ ဆိုပါတယ်။
” PRA တပ်မတော် တခုလုံးစာတော့ မလုံလောက်ပေမဲ့ အနည်းငယ်တော့ ဆန်ဝယ်ရတာ သက်သာမယ်လို့ ထင်ပါတယ်”လို့ PRA တပ်ဖွဲ့မှ ဗိုလ်ဂျပန်က ပြောပါတယ်။ People Revolution Army – PRA တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်နဲ့ မကွေးတိုင်း ပခုက္ကူခရိုင်တွေမှာ စစ်ရေးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။


