ပေါင်းတည် မှာသာရေးနာရေးမကျန်ဆက်ကြေးကောက်ပြီး PDF ကိုနှိမ်နှင်းမယ်ဆိုတဲ့အုပ်ကြီးဥာဏ်၀င်း ရှင်းလင်းခံရ

စက်တင်ဘာ၁၅၊ The Nation Voice

ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့၊မှတ်တိုင်တိုက်နယ်၊ ရွာသစ်ကြီးအုပ်စု ရှမ်းစပ်ရွာက သာရေးနာရေးပါမကျန်ဆက်ကြေးကောက်နေတဲ့ရွာသစ်ကြီးအုပ်ချုပ်ရေးမှူး ဥာဏ်၀င်း ကို မနေ့က သုတ်သင်ခဲ့တယ်လို့ PPDF က ဒီနေ့ထုတ်ပြန်ပါတယ်။

“မနေ့ကညနေ ၆ခွဲလောက် သူ့အိမ်မှာပဲ သေနတ်နဲ့၁၀ချက် ၁၁ချက်လောက်ပစ်ပြီးရှင်းခဲ့တာ”လို့ PPDFရဲ့တာ၀န်ရှိသူတစ်ဥ်ီးက​The Nation Voice ကိုပြောပါတယ်။

အဲ့ဒီသုတ်သင်မှုကိုတော့ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် PPDF တပ်ရင်၃၆၀၁ တပ်ခွဲ(၂) က ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အုပ်ကြီးဟာရွာထဲမှာ သာရေးနာရေးလုပ်ရင်(၃၀၀၀၀)ကျပ်၊မှတ်ပုံတင်ထောက်ခံစာလုပ်ရင်(၁၅၀၀၀)ကျပ် ၊ခရီးသွားထောက်ခံစာလုပ်ရင်(၅၀၀၀)ကျပ် ကောက်ခံနေပြီး PDFကိုနှိမ်နှင်းဖို့ စစ်တပ်ကို လက်နက်ပါတောင်းခံထားတဲ့သူဖြစ်တယ် လို့လည်းရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *