ပြည်သူလူထု ထိခိုက်မယ့်အပြုအမူတွေ ဘယ်သောအခါမှ လုပ်မှာမဟုတ်ကြောင်း ကျောက်ဆည်ခရိုင်(ပကဖ)ထုတ်ပြန်

စက်တင်ဘာ ၁၅၊The Nation Voice

မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်အတွင်းမှာ တိုက်ပွဲဝင် လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေနဲ့မိတ်ဖက် PDF အဖွဲ့တွေဟာ ပြည်သူလူထုကို ထိခိုက်စေမယ့်အပြုအမူတွေကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဖူးလို့ ကျောက်ဆည်ခရိုင်(ပကဖ) ထုတ်ပြန်လာပါတယ်။

ကျောက်ဆည်ခရိုင်အတွင်းမှာ စကစနဲ့ပျူ၊ဒလန် သတင်းပေးတွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြည်သူလူထုအကြား အထင်အမြင်လွဲမှားစေဖို့အတွက် တော်လှန်ရေးအဖွဲ့တွေ ပြုလုပ်တဲ့ပုံစံနဲ့ ပြည်သူလူထုကို အထင်လွဲမှားစေရန်လုပ်ဆောင်လာနေတာတွေကို တွေ့လာရတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် ကျောက်ဆည်ခရိုင်အတွင်းက မိတ်ဖက်(ပကဖ)အဖွဲ့တွေဟာ ပြည်လူလူထုအပေါ် ရမ်းကား၊ဗိုလ်ကျ၊အနိုင်ကြင့်တာနဲ့ အကြမ်းဖက်လုပ်ရက်တွေကို ဘယ်တော့မှလုပ်မှာမဟုတ်ကြောင်း မိဘပြည်သူတွေ သိရှိစေဖို့ ကြိုတင်အသိပေး သတင်းထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေကို အထင်လွဲမှားမှု မရှိစေဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေကို ဘယ်ကဏ္ဍမှာမဆို ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်လို့လည်း ပြောဆိုထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *