မြိုင်မြို့နယ်မှာ MVRF(PDF)တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားပြုလုပ်

စက်တင်ဘာ ၁၅၊ The Nation Voice

မကွေးတိုင်း၊မြိုင်မြို့နယ် အခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Myaing Villages Revolution Front (PDF) တစ်နှစ်ပြည့်အခမ်းအနားကို မနေ့က (စက်တင်ဘာ ၁၄)ရက်နေ့မှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ “ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”ဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး NUG သည်သာ မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုတဲ့ ပြည်သူ့အစိုးရဖြစ်ကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်သာ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုတဲ့ ကုလသမဂ္ဂကိုယ်စားလှယ်တော်ကြီးဖြစ်ကြောင်းနဲ့ အာဏာသိမ်း ဖက်ဆစ်စစ်အုပ်စုဟာ အကြမ်းဖက်လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်တွေသာဖြစ်ကြောင်း ဓာတ်ပုံကမ်ပိန်းနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

အခမ်းအနားကို မြိုင်နယ်က ( ပ. အ. ဖ ) တာဝန်ရှိသူတွေ၊ ( ပ.က.ဖ )တာဝန်ရှိသူတွေ၊ပညာရေးတာဝန်ရှိသူတွေ၊ကျန်းမာရေး တာဝန်ရှိသူတွေ၊‌‌လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ၊တော်လှန်ရေး မဟာမိတ် အင်အားစုတွေ၊ MVRF ရဲ့ အဖွဲ့ဝင်‌တွေ၊ ရဲဘော်တွေနဲ့ ပြည်သူတွေတက်ရောက်အားပေးချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *