ယူကရိန်းသမ္မတ ကားမတော်တဆမှုမှာပါဝင်၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရခြင်းမရှိ

စက်တင်ဘာ ၁၅၊ The Nation Voice

ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီဟာ ကားမတော်တဆမှုတစ်ခုမှာပါဝင်ခဲ့တယ်လို့ သူ့ရဲ့ပြောခွင့်ရသူကပြောပါတယ်။ သမ္မတလိုက်ပါလာတဲ့ကား၊ အစောင့်အကြပ်ယာဉ်တန်းနဲ့ ခရီးသည်တင်ကားတစ်စီးတို့ မြို့တော်ကိယက်ဗ်မှာတိုက်မိခဲ့တယ်လို့ ဆာဂေး နီကီဖိုရော့ဗ်ကပြောပါတယ်။ သမ္မတကို ဆရာဝန်တစ်ဦး စစ်ဆေးနေပြီး ပြင်းထန်တဲ့ဒဏ်ရာမတွေ့ရဘူးလို့လည်း သူကပြောပါတယ်။ ယာဉ်တန်းနဲ့ဝင်တိုက်တဲ့ကားရဲ့ ယာဉ်မောင်းကို အခင်းဖြစ်ပွားရာမှာတင်ကုသပေးခဲ့ပြီး လူနာတင်ကားနဲ့ သယ်သွားတယ်လို့လည်း အသိပေးပါတယ်။

ရဲအရာရှိတွေက ယာဉ်ကြောအခြေအနေကို ပြန်လည်စစ်ဆေးနေတယ်လို့လည်း ပြောပြီး အတိအကျကိုတော့မပြောပါဘူး။ ယူကရိန်းအရှေ့မြောက်ဘက်က ထောက်ပံ့ပို့ဆောင်ရေးအချက်အချာမြို့ အီဇီယမ်ကို ဗုဒ္ဓဟူးနေ့က အသက် ၄၄ နှစ်ရှိနေတဲ့ ဇီလန်စကီသွားရောက်ပြီးနောက်ဖြစ်ပွားခဲ့တာပါ။

Source – BBC Photo – BBC

Leave a Reply

Your email address will not be published. Required fields are marked *