ရေစကြိုနယ်၊ကျောက်ဖူးရိပ်သာဘက်ကိုတက်လာတဲ့ စကစစစ်ကြောင်းကို တိုက်ခိုက်၊စကစအဖွဲ့ဝင်(၂)ဦးပွဲခြင်းပြီးသေဆုံး

စက်တင်ဘာ ၁၅၊ The Nation Voice

မကွေးတိုင်း၊ရေစကြိုနယ်၊ကျောက်ဖူးရိပ်သာဘက်ကိုတက်လာတဲ့ စကစစစ်ကြောင်းကို စက်တင်ဘာ(၉)ရက်နေ့က မဟာမိတ်တွေနဲ့အတူတိုက်ခိုက်ခဲ့တယ်လို့ YSO No.1ပြောက်ကျားတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၉)ရက်၊ညနေ(၄)နာရီလောက်မှာ ကျွန်းရွာဟောင်းဘက်ကနေ ကျောက်ဖူးရိပ်သာကျောင်းဘက်ကိုတက်လာတဲ့ အင်အား(၇၀)ပါစကစ စစ်ကြောင်းကို အရင်ဆုံးမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် (၁၀)မိနစ်ခန့်ကြာအောင် အပြန်အလှန်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး စကစတပ်တွေဘက်မှအထိနာတာကြောင့် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

“(၄)ကောင်လဲကျသွားတာ (၂)ကောင်ကတော့ပွဲခြင်းပြီးသေတယ်”လို့ YSO No.1ပြောက်ကျားတပ်ဖွဲ့ ရဲ့တာဝန်ရှိသူတစ်ဦး က The Nation Voice ကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို YSO No.1 ပြောက်ကျားတပ်နဲ့အတူ ဘီလုံးပြောက်ကျားတပ်၊ရေလည်ကျွန်းကာကွယ်ရေးအဖွဲ့ စတဲ့မဟာမိတ်ညီနောင်တွေက အတူပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ စကစတပ်တွေဟာ အနီးအနားကဒေသခံကျေးရွာတွေကို မီးရှို့တာတွေအပြင် ဒေသခံတွေကိုဖမ်းဆီးနှိပ်စက်တာတွေလည်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ကျောက်ဖူးရွာကိုမီးရှို့တယ် ဖမ်းမိတဲ့ဒေသခံပြည်သူတွေနဲ့အမျိုးသမီးတွေကို ရိုက်နှက်ပြီးမဖွယ်မရာလုပ်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရှေးဟောင်းကျောက်ဖူး အမွေအနှစ်ရိပ်သာကျောင်းဆီက ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့လည်း ပြောထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *