အဓိကဆည်တခုကို ဒုံးကျည်တွေထိမှန်ပြီးနောက် ယူကရိန်းကအိမ်တွေရေလွှမ်းမိုးနေ

စက်တင်ဘာ ၁၅၊ The Nation Voice

ရုရှားဒုံးကျည်တွေထိမှန်မှုကြောင့် ခရစ်ဗ်ယီရီ့မြို့နားက ရေလှောင်တမံတစ်ခုထိခိုက်ခဲ့တယ်လို့ အရာရှိတွေကပြောပါတယ်။ တချို့နေရာတွေက ဒေသခံတွေကို ရွှေ့ပြောင်းဖို့ညွှန်ကြားထားပေမဲ့ အခြေအနေထိန်းချုပ်ထားနိုင်ပြီလို့ မြို့အုပ်ချုပ်ရေးအကြီးအကဲ အိုလက်ဆန်းဒါး ဗီလ်ကူကပြောပါတယ်။ထိခိုက်သူမရှိကြောင်းလည်း သူကအသိပေးပါတယ်။

မကြာသေးခင် တန်ပြန်ထိုးစစ်အတွက် လက်စားချေတဲ့အနေနဲ့ အခုတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ယူကရိန်းကပြောပါတယ်။ ခရစ်ဗ်ယီရီ့မြို့မှာမွေးဖွားခဲ့တဲ့ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီက ရုရှားနိုင်ငံဟာ အကြမ်းဖက်နိုင်ငံလို့ ပြောပါတယ်။ ရေလှောင်တမံဟာ စစ်ရေးအရတန်ဖိုးမရှိတဲ့အရာလို့လည်း ဇီလန်စကီကပြောပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားဘက်က တစုံတရာမှတ်ချက်ပြုထားတာမရှိသေးပါဘူး။

Source – BBC Photo – Getty Images

Leave a Reply

Your email address will not be published. Required fields are marked *