အလုပ်ရမယ်လို့ပြောပြီးလိမ်ခေါ်လို့ အိန္ဒိယနိုင်ငံသား (၃၀)လောက် မြဝတီမှာပိတ်မိနေ

စက်တင်ဘာ ၁၅၊ The Nation Voice

ထိုင်းမှာအလုပ်ရမယ်လို့ပြောတဲ့နိုင်ငံတကာတရားမဝင်လုပ်ငန်းတွေရဲ့ သားကောင်ဖြစ်ခဲ့ပြီး မြဝတီမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားအယောက် (၆၀) ထဲက (၃၀)ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ကယ်ဆယ်ခဲ့ပါတယ်။

ထိုင်းမှာအလုပ်ရမယ်လို့ သူတို့ကို အဲဒီလုပ်ငန်းတွေကပြောခဲ့ပေမဲ့ မြန်မာနိုင်ငံကို တရားမဝင်ခေါ်သွားတာခံရတယ်လို့ ကယ်ဆယ်ခံခဲ့ရသူတွေကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက မြန်မာအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး သူတို့ကို ကယ်တင်နိုင်ဖို့ကြိုးစားနေတယ်လို့လည်း ပြောပြပါတယ်။

အလုပ်ရမယ်လို့ပြောတဲ့ မသမာသူတွေကို သတိထားဖို့ ဇူလိုင် ၅ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက သတိပေးခဲ့ပါတယ်။

ကနဦးလူစုဆောင်းပြီးတဲ့နောက် မြန်မာနိုင်ငံဆီ တရားဝင်စာရွက်စာတမ်းမပါဘဲ အိန္ဒိယလုပ်သား‌ေတွကိုခေါ်ဆောင်သွားတယ်လို့လည်း သံရုံးကပြောပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယအတွက် မဟာဗျူဟာမြောက်အိမ်နီးချင်းနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပြီး နယ်စပ်ထိစပ်မှု (၁၆၄၀)ကီလိုမီတာရှိနေပါတယ်။

Source – East Mojo

Photo – East Mojo

Leave a Reply

Your email address will not be published. Required fields are marked *