ငွေတွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စကစတပ်ကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

စက်တင်ဘာ ၁၆၊ The Nation Voice

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စကစတပ်စခန်းကို မနေ့က မဟာမိတ်အဖွဲ့တွေနဲ့အတူ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့က၊မနက်(၄)နာရီကျော်လောက်မှာ စကစ စခတ-(၁၀)တပ်ရင်းနဲ့ ဒေသခံပျူတွေပါဝင်တပ်စွဲထားတဲ့ ငွေတွင်းကျေးရွာကို စစ်ဒေသ(၁)၊ မုံရွာခရိုင် ကွပ်ကဲရေးမှူးရဲ့ကွပ်ကဲမှုနဲ့အတူတော်လှန်ရေးတပ်ပေါင်းစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး(၅:၃၀)လောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စကစဘက်က(၅)ဦးသေဆုံးသွားခဲ့ပြီး(၃)ဦး အပြင်းအထန်ဒဏ်ရာရကာ တခြားထိခိုက်ဒဏ်ရာရမှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးတပ်ပေါင်းစုတွေက အဲ့ဒီတပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ပစ်ဗုံး(၁)လုံး၊ ဖုန်း(၁)လုံး၊ ပါဝါဘန့်ခ်(၁)လုံး၊စစ်လွယ်အိတ်(၁)လုံးနဲ့ လောက်လေးခွ(၁)လက် တို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က (၃)ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တာကလွဲလို့ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ပွဲပုံဖော်ဆောင်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင် ကွပ်ကဲရေးရုံး တပ်ဖွဲ့ဝင်တွေ၊မုံရွာခရိုင် PDF တပ်ရင်း(၆)၊အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း(၇) ရဲဘော်များ၊M.R.T.F တပ်ဖွဲ့၊သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Danger Force တပ်ဖွဲ့၊ A.B.N.P.D.F တပ်ဖွဲ့ စတဲ့တော်လှန်ရေးအင်အားစုတွေက အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပါတယ် အရာတော်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ပုံးဟောင်းအားအသုံးပြုထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *