စဉ့်ကူမြို့အတွင်းက တန်ပိုဂိတ်တွေကို (၁၀)လပိုင်းအတွင်း နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ သမန်းကျားအဖွဲ့ အသိပေး

စက်တင်ဘာ ၁၆၊ The Nation Voice

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက တန်ပိုဂိတ်တွေအနေနဲ့လာမယ့်အောက်တိုဘာ(၅)ရက်နောက်ဆုံးထား ဖျက်သိမ်းပေးကြဖို့ စဉ့်ကူးမြို့နယ်‌သမန်းကျားပြောက်ကျားတပ်ဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။ အဲ့ဒီတန်ပိုဂိတ်တွေဟာ တော်လှန်ရေးသမားတွေကို ဖမ်းဆီးနိုင်ရေးအတွက် CCTV မှတ်တမ်းတွေကို စကစအဖွဲ့ဝင်တွေနဲ့ ညှိနိုင်းပူးပေါင်းဆောင်နေကြောင်း သိရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စဉ့်ကူးမြို့နယ်အတွင်းက တန်ပိုဂိတ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ရက်အတွင်း ဖျက်သိမ်းပေးကြဖို့နဲ့ ဝန်ထမ်းတွေအနေနဲ့တခြားအလုပ်များပြောင်းလုပ်ကြဖို့ အသိပေးထားပါတယ်။ ဆန္ဒပြစဉ်ကာလတုန်းကလက်(၃)ချောင်းထောင်ပြထားတဲ့အတွက် သက်ညှာပါတယ်။ဝန်ထမ်းများတခြားအလုပ်ရှာကြပါ လို့ စဉ့်ကူးမြို့နယ်‌သမန်းကျားပြောက်ကျားတပ်ဖွဲ့က ပြောဆိုထားပါတယ်။

ဒါ့အပြင် ကန့်သတ်ထားတဲ့ရက်ကျော်လွန်သွားမယ်ဆိုရင် အသက်အန္တရာယ်ကို တာဝန်ယူနိုင်မှာ မဟုတ်ဖူးလို့လည်းအသိပေးထားပါသေးတယ်။ စဉ့်ကူးမြို့နယ်‌ သမန်းကျားပြောက်ကျားတပ်ဖွဲ့ဟာ စကစကိုတော်လှန်နေတဲ့ စဉ့်ကူးမြို့နယ်အခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုပြီး လက်လုပ်မိုင်းတွေနဲ့ စကစကိုအထိနာအောင် မိုင်းဆွဲတိုက်ခိုက်နေတဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *