ဒီပဲယင်းနယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ပြီး စစ်အင်အားပို့

စက်တင်ဘာ ၁၆၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေအသုံးပြုလေကြောင်း တိုက်ခိုက်လာပြီး စစ်အင်အားတွေချသွားတယ်လို့ ဒေသခံက ပြောပါတယ်။ “ပထမ MI 35 နှစ်စီးနဲ့ ပစ်ပြီး နှစ်စီးနဲ့ လူချတယ်။နောက် နှစ်စီးနဲ့ထပ်ပြီးလူချတယ်။(၂)စီးက နှစ်ခေါက်ပြန်သယ်တာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၆ရက် မွန်းလွဲပိုင်းမှာ စစ်ရဟတ်ယာဉ်လေးစီးနဲ့ မူးခံတွင်းနဲ့ ညောင်လှရွာအကြားကို ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ဒီးပဲယင်းညီနောင်များ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါဟာ ဒီပဲယင်းနယ်ကိုစစ်ကောင်စီက လေကြောင်းကနေ (၁၀)ကြိမ်မြောက် ထိုးစစ်ဆင်တာလည်း ဖြစ်တယ်လို့ ဖော်ပြထားပြီး ညောင်ကြီးကုန်း၊ မဲအိုး ၊ လက်ယက်ကုန်း၊ မူးခံတွင်း ၊ ညောင်လှ၊ သစ်တုံ စတဲ့အနီးဝန်းကျင်ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်းဒီပဲယင်းမြို့နယ် ညီနောင်များက ထုတ်ပြန်ထားပါတယ်။ အခုလို ထိုးစစ်ဆင် တိုက်ခိုက်တာဟာ ဘာကြောင့်ဆိုတာ မသိရသေးပေမယ့် အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ကြားရကြောင်း ဒီပဲယင်းဒေသခံက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *