စက်တင်ဘာ ၁၆၊ The Nation Voice
စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်မှာ ပိုက်ကျော်ခြင်းခတ်နေတဲ့ စကစတပ်သားတွေကို မနေ့က True Fighter အဖွဲ့နဲ့အတူ လက်လုပ်မိုင်းနဲ့ အနီးကပ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ကထုတ်ပြန်ပါတယ်။ မြင်းမူမြို့နယ်အတွင်းက စာသင်ကျောင်းတစ်ကျောင်းမှာ အခြေချတပ်စွဲထားပြီး ပိုက်ကျော်ခြင်းခတ်နေတဲ့ စကစတပ်သားတွေကို မနေ့က ညနေ(၅)နာရီလောက်မှာ ပြင်းအား(၂)ဆရှိတဲ့လက်လုပ်မိုင်းနဲ့ အနီးကပ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ပိုက်ကျော်ခြင်းခတ်နေတဲ့ စကစတပ်သား(၇)ဦးစလုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ “ဆိုင်ကယ်နဲ့သွားပစ်တာပါ သူတို့ကခြင်းခတ်နေကြတာ ပြင်းအားနှစ်ဆမို့ ခွေးခုနှစ်ယောက်လောက် ကျတယ်ပြောပါတယ်”လို့ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ရဲ့ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ မဟာမိတ်အဖွဲ့တွေဘက်က လက်လုပ်မိုင်းပစ်ပြီး ချက်ခြင်းပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တာဖြစ်လို့ အထိအခိုက်မရှိခဲ့ဘူးလို့လည်း သူကပြောဆိုထားပါသေးတယ်။
