မိုးဗြဲမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်လို့ ကလေးငယ် အပါအဝင် (၄)ဦး အသက်ဆုံးရှုံး

စက်တင်ဘာ ၁၆၊ The Nation Voice

ရှမ်းပြည်နယ်၊မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီတပ်က မနေ့ညပိုင်းမှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ ဒီနေ့မနက်အစောပိုင်းမှာ မိုးဗြဲ မွေတော်ဘုရားအတွင်း လက်နက်ကြီးကျည် ကျရောက်ပြီး စစ်ရှောင်နေတဲ့ အရပ်သားပြည်သူတွေ သေဆုံးထိခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ “လေးယောက်က မိန်းကလေး ကလေးငယ် နှစ်ယောက်နဲ့ လူကြီးနှစ်ယောက်။ကျတာက ရပ်ကွက်ထဲမဟုတ်ဘူး။ မိုးဗြဲ မွေတော်ဘုရားရဲ့ အာရုဏ်ခံတန်ဆောင်းထဲ ကျတာ။

စစ်ရှောင်နေတဲ့အချိန်မှာ။ အနည်းဆုံး ၁၃၊ ၁၄ ဦးလောက် ဒဏ်ရာတယ်တဲ့”လို့ဒေသခံက ပြောပါတယ်။ မိုးဗြဲမှာ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာလို့ စက်တင်ဘာ ၈ရက်ကတည်းက တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ ပါ။ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူတွေကို တတ်နိုင်သလောက် ကူညီရွှေ့ပြောင်းပေးနေတယ်လို့ ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ရှောင်ပြည်သူတွေ အနေနဲ့ လုံခြုံတဲ့နေရာမှာ နေထိုင်ပေးကြဖို့ ကွန်ရက်က မေတ္တာရပ်ခံထားပြီး ဒီနေ့မနက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ (၄)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *