စက်တင်ဘာ ၁၆၊ The Nation Voice
ရန်ကုန်တိုင်း၊မြောက်ဒဂုံအုပ်ချုပ်ရေးမှူးရုံးကို “ပြည်သူ့ကမ်းလက်များ စစ်ဆင်ရေး” ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် မနေ့ကဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association (YUA)ဆီက သိရပါတယ်။ မနေ့ကည(၁၀)နာရီဝန်းကျင်လောက်မှာ မြောက်ဒဂုံ (၃၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်မှုအတွင်း ထိခိုက်မှုတစ်စုံတစ်ရာကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှာဖြစ်စဉ်အပြီးမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ (Y.U.A)အဖွဲ့က အသိပေးထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဟာ “ပြည်သူ့ကမ်းလက်များ စစ်ဆင်ရေး”စစ်ရေးဖော်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး စတုတ္ထမြောက်ဖော်ဆောင်မှုလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သတ်တဲ့ ဒေါက်တိုင်တွေ၊လုပ်ငန်းဌာနတွေ စစ်ကောင်စီရဲ့အထိုင်ကင်းတွေ၊လှည့်ကင်းတွေနဲ့ ဝေးရာကနေရှောင်ရှားသွားလာကြဖို့လည်းအသိပေး ထားပါသေးတယ်။
