ရေလယ်သောင်ရွာမှာတပ်စွဲထားတဲ့ စကစတပ်ကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်၊စကစဘက်ကထိခိုက်သေဆုံးမှုရှိ

စက်တင်ဘာ ၁၆၊ The Nation Voice

မြင်းမူမြို့နယ်နဲ့ငါန်းဇွန်မြို့နယ်အကြားရှိ ရေလယ်သောင်ရွာမှာ အခြေချတပ်စွဲထားတဲ့ စကစတပ်ကို စက်တင်ဘာ(၁၃) ရက်နေ့က မဟာမိတ်အဖွဲ့တွေနဲ့အတူသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MN PDF ဒီကနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။ စက်တင်ဘာ(၁၃)ရက်၊ည(၉)နာရီကျော်လောက်ကသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရာ စကစဘက်က(၂)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ မဟာမိတ်ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ MNPDF နဲ့အတူ Nway Oo Takhon PDF ၊ Zamani Revolution Force (MMU) Myaung ဇင်ယော်နီပြောက်ကြားတပ်ဖွဲ့ ၊ မီးနဂါး NZH Revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ ငါးဇွန်းတောင်ရွာအတွင်းတပ်စွဲထားတဲ့ ပျူနဲ့စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေကိုမီးရှို့တာ၊လုယက်တာ၊အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေတာကြောင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *