စက်တင်ဘာ ၁၇၊The Nation Voice
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကလေးလူထုဒေသခံတစ်ရပ်လုံးအနေနဲ့ ထောက်ခံကြောင်း ဒီကနေ့မှာချီတက်ဆန္ဒပြခဲ့တယ်လို့ ကလေးမြို့ပင်မသပိတ်အင်အားစုထံမှ သိရပါတယ်။
အဲ့ဒီဆန္ဒပြပွဲမှာ” Accept NUG & Our ambassador, Reject Dictator “ဆိုတဲ့ စာတန်းတွေကိုကိုင်ဆွဲကိုင်ကာ PDF ရဲဘော်တွေဝန်းရံပြီး ကလေးမြို့နယ်ဒေသခံပြည်သူတွေနဲ့အတူလူအင်အားအများအပြားနဲ့ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ရဲ့ခေတ်အဆက်ဆက်ဖိနှိပ်ချုပ်ချယ်မှုတွေ၊အပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့၊ငြိမ်ခံမနေဘဲလမ်းမပေါ်ကိုတက်ကာ အလံနဲ့အသံကြားရာအရပ်ကနေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက်တိုက်တွန်းအပ်တယ်လို့ ပြောဆိုထားပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ဒီနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်နေတာ ဒီကနေ့နဲ့ဆိုရက်ပေါင်း(၅၈၈)ရက်ရှိခဲ့ပြီဖြစ်ပါတယ်။
















