ထုတ်လုပ်အောင်မြင်တဲ့ လက်လုပ်သေနတ်တွေကို တခြားကျေးရွာကာကွယ်ရေးအဖွဲ့တွေဆီ ဖြန့်ဝေပေးမယ်လို့ PDF တောင်သာပြော

စက်တင်ဘာ ၁၇၊ The Nation Voice

PDF တောင်သာဟာ(၇.၆၂)ကျည်ဖြင့် ပစ်ခတ်ရတဲ့ ကျည်ဘောက်ပါ လက်လုပ်သေနတ်တွေ ထုတ်လုပ်အောင်မြင်ထားပြီး အဲ့ဒီသေနတ်တွေဟာပေ(၆၀၀)ကနေ ပေ(၇၀၀)အတွင်း ပစ်မှတ်တွေကို ထိမှန်အောင်ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ PDF တောင်သာအဖွဲ့ဟာ ထုတ်လုပ်အောင်မြင်ထားတဲ့ လက်လုပ်သေနတ်တွေကို တခြား‌ကျေးရွာကာကွယ်ရေးအဖွဲ့တွေဆီ ဖြန့်ဝေးပေးသွားမယ်လို့ PDF တောင်သာအဖွဲ့ကထုတ်ပြန်လာပါတယ်။

အခုလက်ရှိစစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအဖွဲ့တွေ အသုံးပြုနေတဲ့လက်လုပ်သေနတ်အများစုဟာ အိန္ဒိယ ရှော့ဂန်းကျည်နဲ့ ပစ်ခတ်ရတဲ့ လက်လုပ် သေနတ်အများစုဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယ ရှော့ဂန်းကျည်နဲ့ ပစ်ခတ်ရတဲ့လက်လုပ်သေနတ်တွေဟာ မီတာ(၁၀၀) အတွင်းသာ ထိမှန်အောင် ပစ်ခတ်နိုင်ပြီး တချို့ Orginal shotgun တွေ‌‌မှာတောင် ပေ(၄၀၀)အထက်ဆိုရင် ထိရောက်မှုမရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် စကစအဖွဲ့ရဲ့ လက်နက်တွေနဲ့ ယှဉ်ပြီးမပစ်ခတ်နိုင်ဘဲ ချောင်းမြောင်းပြီးသာပစ်ခတ်နိုင်မှာပါ။ အဲ့ဒီထုတ်လုပ်အောင်မြင်တဲ့ လက်လုပ်သေနတ်တွေကို တခြားကျေးရွာကာကွယ်ရေးအဖွဲ့တွေဆီ ဖြန့်ဖြူးပေးရုံသာမက ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းလိုတဲ့ ကျေးရွာတွေအနေနဲ့‌လည်း PDF တောင်သာကို ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *